😎😎😎 ရှေးဟောင်းအမွေအနှစ်
ဖျက်စီးသူများ
👉👉👉
ချင်းမိုင်ကို မြန်မာဘုရင် ဘုရင့်နောင်က ခရစ်သက္ကရာဇ် ၁၅၅၈ မှာ သိမ်းယူနိုင်တယ်။ ချင်းမိုင်ဟာ နှစ်ပေါင်း ၂၀၀ လောက် မြန်မာလက်အောက်ခံအဖြစ် နေခဲ့ရတယ်။
၁၇၇၅ ခုနှစ်ရောက်တော့ ချင်းမိုင် အိမ်ရှေ့မင်းသားက စပြီး မြန်မာတွေကို တော်လှန်ရေးစလုပ်တာ နှစ် ၂၀ လောက်ကြာမှ လွတ်လပ်ရေးရတယ်။ မင်းသား ကဝိလ နန်းတက်ပြီးတဲ့ ၁၇၉၆ ခုနှစ်နောက်ပိုင်းမှသာ ချင်းမိုင်ဟာ နလန်ထူနိုင်တဲ့ အဆင့်ရောက်ပါတယ်။
ဘုရင့်နောင်ကစလို့ ခေတ်အဆက်ဆက် မြန်မာမင်းတွေ တိုက်ခိုက်ဖျက်ဆီးခဲ့ဖူးတဲ့ ချင်းမိုင်မြို့ဟောင်းဟာ ထိုင်းနိုင်ငံရဲ့ လူကြိုက်အများဆုံး ခရီးသွားရာ နေရာ ၅ နေရာ ထဲတစ်ခုအပါဝင် ဖြစ်နေပါပြီ။
၂၀၁၆ မှာ ခရီးသည် ၉.၆ သန်း ။
၂၀၁၇ မှာခရီးသွား ၁၀ သန်း လာရောက်လည်ပတ်တယ်။
၂၀၁၈ ခုနှစ်မှာ ခရီးသည် ၁၅ သန်းလောက်လာရောက်လည်ပတ်မယ်လို့ ခန့်မှန်းပါသတဲ့။
ပြောချင်တာက မြန်မာတို့ရဲ့ ဒုတိယ ရွှေခေတ် ဘုရင့်နောင် ရဲ့ နန်းတော်ရာ နှင့် ဟံသာဝတီမြို့ဟောင်း အကြောင်း။
နန္ဒဘုရင် လက်ထက် မီးရှို့ခံလိုက်ရတဲ့ နန်းတော်ကြီးက လွဲရင် ကျန်တဲ့ မြို့ရိုးကျုံး တွေဟာ စစ်မက်ဒါဏ်ကို ချင်းမိုင် လောက်မခံရပါဘူး။
ဒါပေမယ့် ဟံသာဝတီမြို့ရိုးဟာ ချင်းမိုင်နဲ့ဘယ်လိုမှ ယှဉ်မရလောက်အောင် ပျက်စီးနေခဲ့ပါပြီ။ ကိုလိုနီခေတ်နောက်ပိုင်းကနေ ခေတ်အဆက်ဆက်လူတွေ ကျူးကျော်နေထိုင် ဖျက်ဆီးကြတာရယ်ကြောင့်ပါ။
အနှစ် ၂၀၀ လောက်မြန်မာမင်းလက်အောက် ရောက်ခဲ့တဲ့ ၊ အနှစ် ၂၀ လောက်မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်ဖျက်ဆီးမှု ခံခဲ့ရတဲ့ ချင်းမိုင် မြို့ဟာ ခုတော့ မြန်မာတို့ရဲ့ အင်ပါယာ ဘုရင့်နောင်ရဲ့ ဟံသာဝတီထက်
အနှစ် ၂၀ စာစောပြီးရှေ့ရောက်သွားပါပြီ။
ခရီးသွားတစ်ဦးကို ဒေါ်လာ ၁၀၀ သုံးတယ်ဆိုပါစို့ ။ ခရီးသွား ၁၅ သန်းနဲ့တွက်ရင် ချင်းမိုင်မြို့ရဲ့ ခရီးသွားလုပ်ငန်းကရတဲ့ ဝင်ငွေဟာ နှစ်စဉ် ဒေါ်လာ သန်း ၁၅၀၀ နဲ့အထက်ရှိမယ်။
မြန်မာတို့ရဲ့ ဘုရင့်နောင် မင်းတြားကြီးကတော့
မြို့စောင့်ရုပ်ထုအဆင့်က မတက်သေးသလို ၊ ဟံသာဝတီကလည်း အမှိုက်ပုံအဆင့်က မတက်သေးပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ခေတ်အဆက်ဆက် History, Culture and Art ကိုအလေးမထားခဲ့ကြတဲ့ အစိုးရအဆက်ဆက်ကြောင့်ပါဘဲ။
Crd ; Zay Myo Lin